•  
  •  
  •  
  •   
  •  
မျိုးချစ်စိတ်ရှိသူတို့၏စိတ်ဓါတ်အမှန်
မိမိလူမျိုးနှင့် မိမိတိုင်းပြည်ကို စစ်မှန်စွာ ချစ်သူတို့အနေဖြင့် မိမိလူမျိုးနှင့် မိမိတိုင်းပြည်ကို တစ်ဦးတစ်ယောက်က စော်ကားတဲ့စကားပြောလိုက်တာနဲ့ အနည်းအများ ခံစားချက်ရှိကြပါတယ်။ ထိုနည်းအတူ သူတပါးလူမျိုးနှင့် သူတပါးတိုင်းပြည်ကို နှုတ်အားဖြင့်ဖြစ်စေ စော်ကားတဲ့စကား ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ Levi Thang Myanmar
မိမိလူမျိုးနှင့် မိမိတိုင်းပြည်ကို ချစ်သည်ဆိုသည့်အခါ သူတပါးလူမျိုးနှင့် သူတပါးတိုင်းပြည်ကို စော်ကားမှ မိမိလူမျိုးနှင့် တိုင်းပြည်ကို ကာကွယ်သူ၊ ချစ်ခင်သူဟု ထင်သူများသည် မှားယွင်းပါတယ်။
ကျမအနေနဲ့ ငယ်စဉ်ကတည်းက မြန်မာနိုင်ငံအတွင်း လူမျိုးစုမျိုးစုံကြားမှာ ကြီးပြင်းလာခဲ့ရပါတယ်။ ကျမလူမျိုးကို အထင်သေးတဲ့ စော်ကားတဲ့စကားတွေကို ကြားခဲ့အခါ မိမိကိုယ်တိုင် တကြိမ်တခါမှ ပြန်လည်တုန့်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ထိုသူတို့ရဲ့ နိမ့်ကျတဲ့ အပြောအဆို အတွေးခေါ်နဲ့တန်းတူ အောက်ကိုမဆင်းချင်လို့ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ တခြားဒေသမျိုးစုံမှာ ပြောင်းရွှေ့နေထိုင်လာတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုးပေါင်းစုံနဲ့ ကြုံဆုံခဲ့ရလာတဲ့အခါ ငယ်စဉ်က လူမျိုးစုအနည်းငယ်အကြား သင့်မြတ်အောင် နေထိုင်တတ်ခဲ့တဲ့အကျင့်က များစွာ အထောက်အကူပေးလာပါတယ်။
ကျမဘိုးဘွားစဉ်ဆက်သမိုင်းမှာ ပထမကမ္ဘာစစ်ဖြစ်တော့ ထိုစဉ်က ချင်းတိုင်းပြည် (ယခု ချင်းပြည်နယ်) မှာ ဗြိတိသျှကိုလိုနီအစိုးရ၀င်လာသောအခါ ပထမဦးဆုံး တော်လှန်ရဲသည့် သတ္တိရှိသည့်အမျိုးဖြစ်ပါတယ်။ ထိုတော်လှန်ရေးသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နှစ် ၁၀၀ ပြည့်ပါတော့မည်။
ကျမကတော့ တခြားမျိုးချစ်ပုဂိုလ်တွေလို နိုင်ငံအတွက် အသက်ကိုပေး၊ စစ်သင်တန်းတက်၊ စစ်တိုက် ဆိုတဲ့ ဂုဏ်တွေမရှိပေမယ့်လို့  မြန်မာနိုင်ငံခက်ခဲစဉ်က ပြည်ပမှာ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားလို့ အိမ်နီးနားခြင်းနိုင်ငံတွေကို ထရန်စစ်ဝင်တဲ့အခါ အထင်သေးတဲ့မျက်လုံးနဲ့ အကြည့်ခံရတဲ့ ခံစားချက်၊ ဝေးလံတဲ့နိုင်ငံရောက်သွားတဲ့အခါ လူသတ်တဲ့နိုင်ငံလားလို့ အကြိမ်ကြိမ် အမေးခံရတဲ့ ခံစားချက်၊ …. ဒီလိုအတွေ့အကြုံတွေများစွာ ကြုံလာပြီးတဲ့နောက်၊ မြန်မာနိုင်ငံအပေါ် ပိုပြီး မေတ္တာ၊ ဂရုဏာ သက်လာစေပါတယ်။ ကျမအနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးအားလုံးကို တလုံးတ၀တည်းအဖြစ်ဘဲ မြင်ပါတယ်။ ပြည်ပရောက်နေတဲ့ သူတွေလဲ ကျမလိုဘဲ ခံစားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ထိုနည်းတူ မြန်မာပြည်တွင်းမှာ နေထိုင်သူအချင်းချင်းလဲ တလုံးတ၀တည်းဖြစ်တယ်လို့ မြင်စေချင်ပါတယ် မြင်တယ်လို့လဲ မျော်လင့်ပါတယ်။
ဖွံ့ဖြိုးတဲ့နိုင်ငံများမှာ အစိုးရ၀န်ထမ်း၊ ပညာရေးကျောင်းမှာ စာသင်ပေးသူများမှ လူမျိုးခွဲခြားတဲ့စကားပြောမိတယ်ဆိုရင် ထိုသူကို တာဝန်ရှိသူများမှ အလုပ်ကနေ ထုတ်ပယ်လေ့ရှိပါတယ်။ တိုင်းရင်းသားများစွာနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွင်းမှာလဲ ဒီလိုမျိုး ကျင့်သုံးစေချင်ပါတယ်။ ယဉ်ကျေး သိမ်မွေ့တဲ့တိုင်းပြည် ဖြစ်ချင်ရင် လူမျိုးရေးခွဲခြားတဲ့စကား မပြောဆိုရန် တာဝန်ရှိသူများမှ စည်းမျဉ်းစည်းကမ်း လုပ်ထားသင့်ပါတယ်။ ထိုမှသာ မလိုလားအပ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းကို ရှောင်တတ်လာပါမယ်၊ မဖြစ်ပေါ်သင့်တဲ့ လူမျိုးရေးပြသနာကိုလဲ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မျိုးချစ်စိတ်ရှိသူတို့၏စိတ်ဓါတ်အမှန်ဆိုတာ မိမိနိုင်ငံ တိုင်းပြည်အား နယ်ချဲ့ရန်မှ အသက်ပေး ကာကွယ်သူဖြစ်ပါတယ်။
မျိုးချစ်စိတ်ရှိသူတို့၏စိတ်ဓါတ်အမှန်ဆိုတာ သူတပါးလူမျိုးကို အနိုင်မကျင့်၊ အထင်မသေး၊ မစော်ကားသောသူ ဖြစ်ပါတယ်။
(စာတိုသည်မို့ မပြည့်စုံရင် သီးခံပါလို့ အဆင်ပြေရင် ဆက်ပါမယ်)
စေတနာ မေတ္တာဖြင့်
Levi Sap Nei Thang
I Love Myanmar
  •  
    316
    Shares
  • 297
  • 19
  •  
  •  
  •  
  •  
  •  
  •  
I-Love-Myanmar-Logo-Single-lineMyanmar Flag
695 thoughts on “The True Spirit of Patriotism
  1. Salai Aung Myint
    Salai Aung Myint says:
    ” We are Myanmar ” စိတ်ဓါတ်ထားနိုင်မှ တိုင်းပြည်ငြိမ်းချမ်းတိုးတက်မည် မြန်မာပြည်ကိုချစ်တဲ့ညီမကို လေးစားအားပေးလျှက်ပါ
  2. Salai Aung Myint
    Salai Aung Myint says:
    ” We are Myanmar ” စိတ်ဓါတ်ထားနိုင်မှ တိုင်းပြည်ငြိမ်းချမ်းတိုးတက်မည် မြန်မာပြည်ကိုချစ်တဲ့ညီမကို လေးစားအားပေးလျှက်ပါ
  3. Mya Thandar
    Mya Thandar says:
    မမ​ရေ
    ဘယ်​မှာ​နေ​နေ
    မြန်​မာပြည်​​ထောင်​စု စိတ်​ဓာတ်​ ရှိ​နေတဲ့ မမကို အမြဲတမ်း ​လေးစား​နေပါတယ်
    ❤❤❤❤❤❤❤❤
  4. Mya Thandar
    Mya Thandar says:
    မမ​ရေ
    ဘယ်​မှာ​နေ​နေ
    မြန်​မာပြည်​​ထောင်​စု စိတ်​ဓာတ်​ ရှိ​နေတဲ့ မမကို အမြဲတမ်း ​လေးစား​နေပါတယ်
    ❤❤❤❤❤❤❤❤
  5. U Win Naing
    U Win Naing says:
    လူ့သားကို တန်ဖိုးထားတတ်သောအမြင်၊ တန်းတူညီတူ သဘောထားရမည့် စိတ်ဓာတ်ကောင်းတို့ ရှိကြဖို့ လိုအပ်နေချိန်အကျိုးရှိစာသားများ ရေးသည့်အတွက် ကျေးဇူးတင်ပါတယ် ။ တိုင်းရင်းသားချင်း လေးစားချစ်ကြည်ကြမှ နိုင်ငံ အဓွန့်ရှည်မည်ဟု ယုံကြည်ပါတယ် ။
  6. U Win Naing
  7. Ya Min Aung
    Ya Min Aung says:
    စိတ်ရင်းဖြူစင်သောအမလိုစိတ်ဓါတ်မွေးမြူရင်းဖေးမစာနာသူများစွာပေါ်ထွက်ပါစေလို့ရင်ထဲကဆုတောင်းပါတယ်နော်။
  8. Ya Min Aung
    Ya Min Aung says:
    စိတ်ရင်းဖြူစင်သောအမလိုစိတ်ဓါတ်မွေးမြူရင်းဖေးမစာနာသူများစွာပေါ်ထွက်ပါစေလို့ရင်ထဲကဆုတောင်းပါတယ်နော်။
  9. Daw Thinmu
    Daw Thinmu says:
    တို့လူမျိုးတွေကသူများအပေါ် အရင်စပြီးရန်လုပ်စော်ကားကျူးကျော်တဲ့အဖြစ်မျိုးတော့မရှိပါဘူး ကိုယ်တွေမစည်းလုံးလို့ခံခဲ့ရတဲ့သမိုင်းတွေအများကြီးပါညီမရေ ညီမလေးရဲ့စိတ်ဓါတ်ကိုလေးစားဂုဏ်ယူပါတယ်
  10. Daw Thinmu
    Daw Thinmu says:
    တို့လူမျိုးတွေကသူများအပေါ် အရင်စပြီးရန်လုပ်စော်ကားကျူးကျော်တဲ့အဖြစ်မျိုးတော့မရှိပါဘူး ကိုယ်တွေမစည်းလုံးလို့ခံခဲ့ရတဲ့သမိုင်းတွေအများကြီးပါညီမရေ ညီမလေးရဲ့စိတ်ဓါတ်ကိုလေးစားဂုဏ်ယူပါတယ်
  11. Naing Lin
    Naing Lin says:
    မြန်မာဝတ်စုံနဲ့…နိုင်ငံခြားမှာ…ဂုဏ်ယူစွာဝတ်ထားတဲ့…Live Video ကို ပြန်သတိရစေတယ်…Proud of you အစ်မ..
  12. Naing Lin
    Naing Lin says:
    မြန်မာဝတ်စုံနဲ့…နိုင်ငံခြားမှာ…ဂုဏ်ယူစွာဝတ်ထားတဲ့…Live Video ကို ပြန်သတိရစေတယ်…Proud of you အစ်မ..
  13. Tin Myoehan
    Tin Myoehan says:
    သေချာတာတစ်ခုကတော့
    တိုင်းရင်းသားလူမျိုးစုထဲကဘယ်သူ့ကိုမှ
    ခွဲခြားနှိမ့်ချတဲ့စကား မပြောခဲ့ဘူးပါ။
    နောင်လည်းပြောမှာမဟုတ်ပါ။
    ကျွန်တော် ဗမာ လူမျိုးတစ်ယောက်ပါ။
  14. Tin Myoehan
    Tin Myoehan says:
    သေချာတာတစ်ခုကတော့
    တိုင်းရင်းသားလူမျိုးစုထဲကဘယ်သူ့ကိုမှ
    ခွဲခြားနှိမ့်ချတဲ့စကား မပြောခဲ့ဘူးပါ။
    နောင်လည်းပြောမှာမဟုတ်ပါ။
    ကျွန်တော် ဗမာ လူမျိုးတစ်ယောက်ပါ။
  15. Thilashin Dawyusandar Mk
    Thilashin Dawyusandar Mk says:
    ခံစားချက်ချင်းတူပါတယ်တစ်မိုးအောက်မှာအတူနေထိုင်ကြတဲ့မြန်မာလူမျိုးတွေမြန်မာပြည်မှာပေါက်ဖွားပေမဲ့ တချိုသောလူတွေကအသိဥာဏ်ဗဟုသုတအရမ်းနည်းပါတယ်။ဒါကိုအထင်သေးလို့မရဘူး။ဒီလိုဖြစ်တာသူကြီးပြင်းတဲ့အသိုင်းအဝိုင်းနေရာဒေသနဲ့လဲဆိုင်ပါတယ်။သူတို့ကိုခုချိန်မှာစတင်ပြုစုပျိုးထောင်
    ပေးနေတာ။တော်တော်လေးသီးခံရပါတယ်။လူကိုလူလိုမြင်တတ်ရင်အပြစ်ဆိုတာမရှိပါဘူး။အားလုံးဟာအတူတူပါ။ကိုယ့်လောက်မှမသိသူကိုအထင်မသေးသလိုကိုယ်ထက်အများကြီးသာလွန်နေတဲ့သူတွေကိုအတုယူပါတယ်။ကိုယ်တပည့်တွေကိုညွန်ပြပေးတယ်။လူဟာမသေမချင်းတန်ဖိုးရှိပါတယ်။ခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူးလို့ထင်တာပဲ။တကယ်တော့မြန်မာလူမျိုးတွေဟာသိပ်ကြင်နာတတ်ပါတယ်။ ကူညီတတ်တဲ့ကောင်းတဲ့စိတ်ဓါတ်တွေအများကြီးပါ။တစ်ရံတစ်ခါမှာတော့တပည့်တွေကဆုံးမရခက်လွန်းလို့စိတ်ကုန်ချင်လာတယ်။ပြီးမှပြန်အားတင်းပြီးဒီကလေးတွေဟာအညွန့်တလူလူနဲ့လူသားတွေ ။ကိုယ်။ပြုစုပေးလို့တနေ့မှာတိုင်းပြည့်အတွက်
    ဘာသာ သာသနာအတွက်အကျိုးသက်ရောက်မှုရှိရင် ပင်ပန်းရကျိုးနပ်ပြီးသူတို့တွေလဲလူသားတွေအတွက်အများကြီးအကျိုးပြုနိုင်မယ်လို့မျော်လင့်ပြီးလူသားချင်းစာနာစိတ်ကိုအရင်းခံပြီးလူသားအကျိုးပြုတဲ့အလုပ်ကိုလုပ်နိုင်တဲ့အတိုင်းအတာထိလုပ်ဖို့စိတ်ဆုံးဖြတ်ထားတယ်။ခံယူချက်တူလို့အားကျပါတယ်။အားပေးပါတယ်။မင်္ဂလာပါ။စံပြပုဂ္ဂိုလ်အတုယူစရာမို့လေးစားလျှက်ပါ။
  16. Thilashin Dawyusandar Mk
  17. ရှမ်း ကလေး
    ရှမ်း ကလေး says:
    စာတိုသော်လည်း..အလွန်မှန်ကန်ပြည့်စုံလှပါသည်..နိုင်ငံကြီးသားပီသသူဟုပြောလို့ရပါသည်..ဖတ်မိသူတိုင်း..ညီမကဲ့သို့စိတ်ထားရှိပြီး..တိုင်းပြည်အကျိုးရှေ့ရှုနိုင်ကြပါစေ..နိုင်ငံကြီးသားပီသနိုင်ကြပါစေဗျာ..ကျေးဇူးပါ…
  18. U Kaung
    U Kaung says:
    စာတိုသော်လည်း..အလွန်မှန်ကန်ပြည့်စုံလှပါသည်..နိုင်ငံကြီးသားပီသသူဟုပြောလို့ရပါသည်..ဖတ်မိသူတိုင်း..ညီမကဲ့သို့စိတ်ထားရှိပြီး..တိုင်းပြည်အကျိုးရှေ့ရှုနိုင်ကြပါစေ..နိုင်ငံကြီးသားပီသနိုင်ကြပါစေဗျာ..ကျေးဇူးပါ…
  19. Chit Phoo Thu
    Chit Phoo Thu says:
    ကမ္ဘာကြိးမှာလူမျိုးဘာသာ
    အသား​ရောင်​ဇတ်​နိတ်
    ဇတ်​မြင့်​ခွဲချားပိး
    လူသက်​မိးရူံဗုန်းခွဲတိုက်​ခိုက်​သက်
    ဖြက်​​နေရင်​​ပေါ့​လေ
    ကျန်​ခဲ့မှာဖိနပ်​​တွေပဲ
    အဲ့ဖိနပ်​​တွေကညိတယ်
    ဘယ်​​တော့မှမခွဲချားဘူး
    လူ​တွေ​ခြေဖျားမှာပဲ​နေတယ်
    ဘယ်​​တော့မှ​ဂေါင်း​ပေါ်မတက်​ဘူး
  20. Chit Phoo Thu
    Chit Phoo Thu says:
    ကမ္ဘာကြိးမှာလူမျိုးဘာသာ
    အသား​ရောင်​ဇတ်​နိတ်
    ဇတ်​မြင့်​ခွဲချားပိး
    လူသက်​မိးရူံဗုန်းခွဲတိုက်​ခိုက်​သက်
    ဖြက်​​နေရင်​​ပေါ့​လေ
    ကျန်​ခဲ့မှာဖိနပ်​​တွေပဲ
    အဲ့ဖိနပ်​​တွေကညိတယ်
    ဘယ်​​တော့မှမခွဲချားဘူး
    လူ​တွေ​ခြေဖျားမှာပဲ​နေတယ်
    ဘယ်​​တော့မှ​ဂေါင်း​ပေါ်မတက်​ဘူး
  21. Joseph Thang
    Joseph Thang says:
    ကျနော်တွေ့ဘူးတဲ့ ချမ်းသာသောသူများဟာ များသောအားဖြင့် မြင့်မြတ်သော စိတ်သဘောထားရှိကြတယ်။Levi ,May God Bless you.
  22. Joseph Thang
    Joseph Thang says:
    ကျနော်တွေ့ဘူးတဲ့ ချမ်းသာသောသူများဟာ များသောအားဖြင့် မြင့်မြတ်သော စိတ်သဘောထားရှိကြတယ်။Levi ,May God Bless you.
  23. Ko Zawnaing
    Ko Zawnaing says:
    လူမျိုးခွဲခြား နှိမ့်ချဆက်ဆံခြင်းကို တားဆီးကာကွယ်တဲ့ဥပဒေ” အဲဒီအတွေး အလွန်သဘောကျမိပါတယ်။ဒီနိုင်ငံရေရှည်ညီညွှတ်မှုအတွက် အတော်သင့်တော်မယ့်ဥပဒေမျိုးပါ။လေးစားပါတယ်။
  24. Ko Zawnaing
    Ko Zawnaing says:
    လူမျိုးခွဲခြား နှိမ့်ချဆက်ဆံခြင်းကို တားဆီးကာကွယ်တဲ့ဥပဒေ” အဲဒီအတွေး အလွန်သဘောကျမိပါတယ်။ဒီနိုင်ငံရေရှည်ညီညွှတ်မှုအတွက် အတော်သင့်တော်မယ့်ဥပဒေမျိုးပါ။လေးစားပါတယ်။
  25. Mgmg Htwe
    Mgmg Htwe says:
    အရမ်းကို​လေးစားဂုဏ်​ယူထိုက်​တဲ့မမကြီးရဲ့စိတ်​ဓာတ်​နဲ့အသိပညာပါ
    အတုယူထိုက်​ပါ​ပေတယ်​​နော်
  26. Mgmg Htwe
    Mgmg Htwe says:
    အရမ်းကို​လေးစားဂုဏ်​ယူထိုက်​တဲ့မမကြီးရဲ့စိတ်​ဓာတ်​နဲ့အသိပညာပါ
    အတုယူထိုက်​ပါ​ပေတယ်​​နော်
  27. Kyaw Kyaw
    Kyaw Kyaw says:
    အကြိုက်​ဆုံးပုံပါ မ​နေ့ကမြန်​မာအမျိုးသမီး​လေးလိုက်​မလိုက်​မသိဘူး အတိုဆုံးစကတ်​ ​ပေါင်​တံ​သေး​သေး မဲမဲနဲ့ရိုက်​တာမြင်​ရ​တော့လငစိတ်​သားစိတ်​ကုန်​သွား​ရော
  28. Kyaw Kyaw
    Kyaw Kyaw says:
    အကြိုက်​ဆုံးပုံပါ မ​နေ့ကမြန်​မာအမျိုးသမီး​လေးလိုက်​မလိုက်​မသိဘူး အတိုဆုံးစကတ်​ ​ပေါင်​တံ​သေး​သေး မဲမဲနဲ့ရိုက်​တာမြင်​ရ​တော့လငစိတ်​သားစိတ်​ကုန်​သွား​ရော
  29. Trump Trump
    Trump Trump says:
    ပုတ်​တဲ့ သစ်​သီးတလုံးနဲ့ ​ကောင်းတဲ့ သစ်​သီးတလုံး​တော့ အတူတူထား စားလို့​တော့ ရမယ်​ မထင်​ပါဘူး ပုတ်​​နေတဲ့ သစ်​သီးတလုံးကို​တော့ အပုတ်​သာထားရမဲ့​နေရာ ဆိုတာ ရှိတယ်​ အဲ့ချက်​က​လေး သတိပြုမိဖို့​တော့ လိုလိမ့်​မယ်​ထင်​တယ်​ အမ အမှားပါသွားနိုင်​ရင်​ ခွင့်​လွတ်​ပါ ကျမ ပစ္စည်း ဥစ္စာ ပညာဂုဏ်​မရှိသူ တ​ယောက်​ပါ 
  30. Ma Thida
    Ma Thida says:
    မှန်ပါတယ်တိုင်းရင်းသား၁၃၅မျိုး ဟာမြန်မာနိုင်ငံရဲ့သားသမီးများပါလျှာနဲ့သွားလိုကိုက်မိလည်းခဏပါ ဒါပေမဲ့ ကို့နိုင်ငံကို့လူမျိုး
    အချုပ်အခြာအာဏာကိုထိပါးလာမဲ့အကြမ်းဖက်
    ကိုတော့ဖြင့်သည်းခံစိတ်မမွေးနိုင်ပါ
  31. Ma Thida
  32. Daw Chit Chit
    Daw Chit Chit says:
    ညီမလေးအတွေးအခေါ်ကောင်း
    လို့လေးစားမိပါတယ်လူတိုင်း
    ညီမလေးလိုအသိရှိရင်ငြိမ်းချမ်း
    ပါပြီမြန်မာပြည်
  33. Daw Chit Chit
    Daw Chit Chit says:
    ညီမလေးအတွေးအခေါ်ကောင်း
    လို့လေးစားမိပါတယ်လူတိုင်း
    ညီမလေးလိုအသိရှိရင်ငြိမ်းချမ်း
    ပါပြီမြန်မာပြည်
  34. Star Lay
    Star Lay says:
    မြန်​မာနိုင်​ငံသားတို့တိုင်းရင်းသားညီကို​မောင်​နှမ​တွေအမ​ရေ​လေးစားပါတယ်
  35. Star Lay
    Star Lay says:
    မြန်​မာနိုင်​ငံသားတို့တိုင်းရင်းသားညီကို​မောင်​နှမ​တွေအမ​ရေ​လေးစားပါတယ်
  36. Newday Newday
    Newday Newday says:
    အားလုံးသဘောကျတယ်အခြားလူမျိုးဘာသာပုတ်ခတ်ပြောဆိုခြင်းကြောင့်ဆုံရှုံးခြင်းရလာဒ်ကတော့အချင်းချင်းမညီမညွတ်ဖြစ်တာပါပဲ
  37. Cho Mie Mie Htun
    Cho Mie Mie Htun says:
    အမြဲတမ်း​လေးစားပါတယ်​ Sister ရဲ့စိတ်​ဓာတ်​မျိုး ကျမတို့နိုင်​ငံသားတိုင်းရှိသင့်​ပါတယ်
  38. Cho Mie Mie Htun
    Cho Mie Mie Htun says:
    အမြဲတမ်း​လေးစားပါတယ်​ Sister ရဲ့စိတ်​ဓာတ်​မျိုး ကျမတို့နိုင်​ငံသားတိုင်းရှိသင့်​ပါတယ်
  39. မင်း သူ
    မင်း သူ says:
    မြန်မာတွေကလူမျိုးမခွဲခြားဘူး
    ခွဲခြားနေတာကမွတ်အစွန်းရောက်
    နှင့်အမြင်ကျဉ်းလူနည်းစုတွေပါ။
  40. မင်း သူ
    မင်း သူ says:
    မြန်မာတွေကလူမျိုးမခွဲခြားဘူး
    ခွဲခြားနေတာကမွတ်အစွန်းရောက်
    နှင့်အမြင်ကျဉ်းလူနည်းစုတွေပါ။
  41. Myo Aung Hlaing
    Myo Aung Hlaing says:
    အမျိုးနွယ်ဆိုတာမရှိရင်ဘယ်သွားသွားမျက်နှာငယ်တယ်အခုနိုင်ငံခြားအလုပ်လုပ်သွားတဲ့သူတိုင်းကိုကရင် ကယား ကချင်း ချင်းစသည်ဖြစ်မခေါပါအားလုံးကိုမြန်မာသာခေါသည်တိုင်းရင်းသားတွေနားလည်ရမှာကကမ္ဘာနိုင်ငံရေးအခြေနေအရင်နဲ့မတူတော့ပါဥပမာ
    အခုရခိုင်လိုမျိုးပြည်နယ်ခွဲဖြစ်နေရင်ဘင်္ဂလားဒေခ်ျကလာတိုက်ရင်ပြည်နယ်စစ်တပ်နဲ့တိုက်နိုင်မလားစဉ်းစားအဲ့လိုတိုက်လို့မနိုင်ရင်သူနိုင်ငံလက်အောက်ခံဖြစ်သွားပြီသူနိုင်ငံသားအဖြစ်ချက်ချင်းရပ်တည်နိုင်မလားမရပါ
    အဲ့ဒီအချိန်မှာသူနိုင်ငံသားတွေအတွက်မြေယာခွဲဝေမူစံနစ်အရနေထိုင်ရတော့မယ်အခွင့်ရေးတန်းတူရမယ်ထင်လားသေချာစွာစဉ်းစားပြီးဆုံးဖြတ်နိုင်မှရွေးချယ်ပါ
    အခုချိန်မှာမရသေးတော့ရည်းစားဘဝနဲ့ပျော်ချင်ပျော်နေမယ်သူတိုပိုင်ပြီးဆိုရင်အိမ်ထောင်သယ်ဘဝလိုပြုသမျှခံပေတော့
  42. Myo Aung Hlaing
  43. Myo Aung Hlaing
    Myo Aung Hlaing says:
    အခုချိန်မှာကမ္ဘာ့နေရာတိုင်းမှာအကြမ်းဖက်နယ်မြေလုနေကြတာပြည်နယ်တစ်ခု တိုင်းဒေသကြီးတခုအနေနဲ့ပြန်ပြီတိုက်ထုတ်နိုင်ပါမလားအရင်စဉ်းစားဒေါစုကမြန်မာနိုင်ငံနဲ့နှစ်အတော်ကြာပြတ်တောက်ပြီးသူနေထိုင်ခဲ့တဲ့နိုင်ငံနဲ့ယှဉ်ပြီးဖယ်ဒရာယ်လို့ပြောတာကိုယ့်ဒေသအကြောင်းကိုယ့်ဟာကိုယ်ချစ်ခြေသုံးသပ်နိုင်ကြပါစေ
  44. Myo Aung Hlaing
  45. War War Aung
    War War Aung says:
    အမလိုမျိုး တိုင်းပြည်ချစ်စိတ်ရှိသူကို လေးစားပါတယ် အားလုံးသောတိုင်းရင်းသားများလည်း ကိုယ့်အချင်း၂တန်ဖိုးထား မြတ်နိုးကြစေချင်တယ်
  46. War War Aung
    War War Aung says:
    အမလိုမျိုး တိုင်းပြည်ချစ်စိတ်ရှိသူကို လေးစားပါတယ် အားလုံးသောတိုင်းရင်းသားများလည်း ကိုယ့်အချင်း၂တန်ဖိုးထား မြတ်နိုးကြစေချင်တယ်
  47. Salai Mang
    Salai Mang says:
    အမလို မျိုးချစ်​စိတ်​အပြည့်​ရှိတဲ့သူဖြစ်​ချင်​တယ်
    ကျနော်တွေ့ဘူးတဲ့ ချမ်းသာသောသူများဟာ များသောအားဖြင့် မြင့်မြတ်သော စိတ်သဘောထားရှိကြတယ်။Levi ,May God Bless you.
    I will try my best to be like you sis
  48. Salai Mang
  49. La Young
    La Young says:
    အရမ်လေးစားပါတယ် ဒိထက်မကအောင်မြင်တိုးတက်ပါစေ မိခင်တစ်ယောက်အနေနဲ့ မIevi ရဲ့သမီးလေးအပေါ်ထားရှိတဲ့မေတ္တာတရားကိုလည်းထာဝရလေးစားဂုဏ်ယူလျှက်ပါ
  50. La Young
    La Young says:
    အရမ်လေးစားပါတယ် ဒိထက်မကအောင်မြင်တိုးတက်ပါစေ မိခင်တစ်ယောက်အနေနဲ့ မIevi ရဲ့သမီးလေးအပေါ်ထားရှိတဲ့မေတ္တာတရားကိုလည်းထာဝရလေးစားဂုဏ်ယူလျှက်ပါ
  51. U Khin Maung Yin
    U Khin Maung Yin says:
    မှန်ပါ၏။လက်နက်,အာဏာ,လူဦးရေ,
    တို့ကိုမှန်ကန်စွာအသုံးပြုတတ်ရန်နှင့်
    သူများနောက်လိုက်ဘဝကအမြန်ကျွတ်တမ်းဝင်ရန်လိုအပ်နေတယ်လို့
    မြန်မာပြည်ကြီး။
    စွန့်ဦးတည်ထွင်ဖန်တီးတည်ဆောက်ပေးပါ
  52. U Khin Maung Yin
    U Khin Maung Yin says:
    မှန်ပါ၏။လက်နက်,အာဏာ,လူဦးရေ,
    တို့ကိုမှန်ကန်စွာအသုံးပြုတတ်ရန်နှင့်
    သူများနောက်လိုက်ဘဝကအမြန်ကျွတ်တမ်းဝင်ရန်လိုအပ်နေတယ်လို့
    မြန်မာပြည်ကြီး။
    စွန့်ဦးတည်ထွင်ဖန်တီးတည်ဆောက်ပေးပါ