•  
  •  
  •  
  •   
  •  
Levi Thang International Women's Day 2018ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ ၈ရက်နေ့မှာ ကျင်းပလေ့ရှိပါသည်။ ၁၉၀၉ ခုနှစ်ကတည်းက အမေရိကနိုင်ငံမှာ စတင်လာခဲ့တဲ့အကြောင်းရင်းကတော့ ထိုစဉ်က အမျိုးသမီးများ အနှီမ်ခံရလေ့ရှိခဲ့ပြီး အမျီုးသမီးများအား မဲပေးခွင့်မပေးခဲ့ခြင်း၊ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ရင်ဘောင်တန်းအလုပ်လုပ်ရသော်လည်း လုပ်အားခ တန်းတူမရရှိခြင်း စသည့်အချက်များအပေါ် အမျိုးသမီးများအား တန်းတူဆက်ဆံရန်  ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနေ့ကို စတင်ခဲ့ခြင်းဖြစ်သည်။
အင်တာဗျုးတစ်ခုမှာ ကျမကို အမေးခံခဲ့ရဖူးသည်။ အမျိုးသမီးတစ်ဦးအနေနဲ့ လုပ်ငန်းအတွင်း အနှီမ်ခံခဲ့ရပါလား။ အမျိုးသားများနှင့် ခွဲခြားစွာ တန်းတူဆက်ဆံမှု မခံခဲ့ရတဲ့အချိန် ရှိခဲ့ပါသလား၊ လို့ အမေးခံရပါသည်။ ကျမအနေနဲ့ ကမ္ဘာလှည့်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအပါအ၀င် ဘယ်နိုင်ငံမှာမှ နှီမ့်ကျစွာ ဆက်ဆံခြင်း မခံခဲ့ရဖူးပါ။ ခွဲခြားစွာ ဆက်ဆံခြင်းလဲ မခံခဲ့ရဖူးပါ။ ခွဲခြားစွာ နှီမ့်ကျစွာ ဆက်ဆံခံခဲ့ရသည်ရှိခဲ့သော် သတိမမူမိခဲ့လို့ ဖြစ်ပါလိမ့်မယ်။ အာရုံမပြုခဲ့မိလို့ ဖြစ်ပါလိမ့်မယ်။
အခုခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ နှင့် အလွန်ကွာခြားလွန်းပါသည်။ လူသားလုပ်အား အင်အားဖြင့် အလုပ်မလုပ်ရဘဲ ပညာအရည်အချင်းရှိလာသည့် အမျိုးသမီးများသည် အမျိုးသားများထက် ထက်မျက်လာသူ များပြားလာပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအား တန်းတူမညီဆက်ဆံမှုရှိသည်ကို ကျမ မမြင်ပါ။ လမ်းဘေးတစ်လျှောက် ဈေးဆိုင်များကြည့်ပါက အမျိုးသမီးများစွာကို မြင်တွေ့ရပါမည်။ ရုံးတိုင်း လုပ်ငန်းခွင်တိုင်းတွင် အမျိုးသမီးများကို မြင်တွေ့နိုင်ပါသည်။ အလုပ်ကျိုးစားသော အရည်အချင်းရှိသော အမျိုးသမီးတိုင်းကို ဘယ်သူကမျှ ငြင်းပယ်နိုင်မယ် မထင်ပါ။
အလုပ်ကျိုးစားသော ပညာတတ် ပညာရှိသော အမျိုးသမီးကောင်းသည်  ခန္ဒာကိုယ်ဗလာကျင်းဖြင့် လမ်းပေါ်လျှောက်ပြီး အမျိုးသမီးအခွင့်အရေးတောင်းဆိုရန်မလိုအပ်ပါ။ အလုပ်ဖြင့်သာ သက်သေပြသွားလေ့ရှိပါသည်။
ကျမရဲ့ သားလေး ၃ နှစ် ခွဲခန့်ကဖြစ်သည်။ မူကြိုကအပြန် ကားပေါ်မှာ ရုတ်တရက် I am so proud of you mommy (မေ့မေ့ကို ဂုဏ်ယူတယ်) လို့ ရုတ်တရက်ကြီး ပြောချလိုက်သည်။ ကျမ မိုးပေါ်ခုန်တက်သွားတယ်လို့ ခံစားခဲ့ရပါသည်။ ထိုနေ့ကစပြီး သိသိသာသာ ကျမ ပြောင်းလဲခဲ့ပါတယ်။ ဘာအလုပ်ဘဲလုပ်လုပ် မိမိကိုယ်ကို လုံခြုံစိတ်ချမှုရှိလာခဲ့ပါသည်။ သားလေးက ကျမကို ဂုဏ်ယူနေတယ်ဆိုတာ စဉ်းစားရင် ကြည်နူးနေပါသည်။
ဒီနေ့မှာ ကျမ သတိပေးချင်တာရှိပါသည်။
သင့်မိသားစုဆွေမျိုးကြားတွင် အမျိုးသမီးရှိပါသလား….
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနေ့မှာ သင်နဲ့ ပတ်သက်သူ အမျိုးသမီးကို စိတ်ဓါတ်မြှင့်တင်ပေးသောအားခြင့် သူမရဲ့ ကောင်းကွက်တခုခုကို ပြောပေးလိုက်ပါလား….
သူမကို ဂုဏ်ယူကြောင်းလဲ ပြောပြလိုက်ပါလား….
မိမိရဲ့မိခင်၊ နှမ၊ ဇနီး၊ ချစ်သူကို အရင်ဂုဏ်ပြုပါ။ ထိုသူတို့ကိုကျော်ပြီး တခြားအမျိုးသမီးတစ်ယောက်ယောက်ကို အရင် မချီးမွမ်းမိပါစေနဲ့ဦးနော်…
ခင်မင်စွာဖြင့်
လီဗီဆပ်နိုင်ထန်း
Levi Sap Nei Thang
I Love Myanmar
  •  
    540
    Shares
  • 450
  • 50
  •  
  • 40
  •  
  •  
  •  
  •  
I-Love-Myanmar-Logo-Single-lineMyanmar Flag

544 thoughts on “International Women’s Day 2018

  1. Saw Yi Mon
    Saw Yi Mon says:

    မြင်ရသူ ရင်ထဲ စိတ်အေးချမ်းတဲ့အလှ
    ပြုံးနေတဲ့အပြုံး ငြိမ်းချမ်းနေတဲ့အပြုံး
    လှလိုက်တာ ဆိုတာထက် ပိုလှတယ်

  2. Saw Yi Mon
    Saw Yi Mon says:

    မြင်ရသူ ရင်ထဲ စိတ်အေးချမ်းတဲ့အလှ
    ပြုံးနေတဲ့အပြုံး ငြိမ်းချမ်းနေတဲ့အပြုံး
    လှလိုက်တာ ဆိုတာထက် ပိုလှတယ်

  3. Nwe Nwe Aye
    Nwe Nwe Aye says:

    ညီမလေးထန်းကအတွေးအခေါ်မြင့် တယ်စိတ်လည်းဖြူတော့ရုပ်လည်းနုတယ်ထာဝရအားပေးနေမယ်ညီမလေး

  4. Nwe Nwe Aye
    Nwe Nwe Aye says:

    ညီမလေးထန်းကအတွေးအခေါ်မြင့် တယ်စိတ်လည်းဖြူတော့ရုပ်လည်းနုတယ်ထာဝရအားပေးနေမယ်ညီမလေး

  5. War War Nwe
    War War Nwe says:

    အဲ့လိုမျက်​နှာရှင်းရှင်း​လေးကိုအရမ်းသ​ဘောကျတာဘဲ ရှင်းသန့်​​နေတာဘဲ

  6. War War Nwe
    War War Nwe says:

    အဲ့လိုမျက်​နှာရှင်းရှင်း​လေးကိုအရမ်းသ​ဘောကျတာဘဲ ရှင်းသန့်​​နေတာဘဲ

  7. Nge Nge
    Nge Nge says:

    ဖတ်ရတာ အားတက်စေပါတယ် အမကလည်းအလုပ်လုပ်နေတဲ့ အမျိုးသမီးတိုင်းကိုလေးစားတယ် ညီမလေးပိုလှလာတယ်

  8. Nge Nge
    Nge Nge says:

    ဖတ်ရတာ အားတက်စေပါတယ် အမကလည်းအလုပ်လုပ်နေတဲ့ အမျိုးသမီးတိုင်းကိုလေးစားတယ် ညီမလေးပိုလှလာတယ်

  9. Khin Thandar Moe
    Khin Thandar Moe says:

    ချစ်တယ် မမ အတွေးအခေါ်လေးတွေက စနစ်တကျနဲ့ မြင့်တယ် စိတ်ထားလှတယ် မျက်နှာမြင်ချစ်ခင်ပါစေ ဆုအတိုင်းပါ

  10. Khin Thandar Moe
    Khin Thandar Moe says:

    ချစ်တယ် မမ အတွေးအခေါ်လေးတွေက စနစ်တကျနဲ့ မြင့်တယ် စိတ်ထားလှတယ် မျက်နှာမြင်ချစ်ခင်ပါစေ ဆုအတိုင်းပါ

  11. Mg Zaw
    Mg Zaw says:

    အမ ပျောက်နေတယ်ယော နေများမကောင်းလို့လား စိတ်ပူနေတာဗျ အမကျမ်းမာပါစေးးးးး

  12. Mg Zaw
    Mg Zaw says:

    အမ ပျောက်နေတယ်ယော နေများမကောင်းလို့လား စိတ်ပူနေတာဗျ အမကျမ်းမာပါစေးးးးး

  13. Wan Wan
    Wan Wan says:

    မန္တလေးသတင်းစာမှာညီမကြီးအမည်နဲ့တကွသတင်းဖော်ပြပါတယ်။ဂုဏ်ပြုပါတယ်။

  14. Wan Wan
    Wan Wan says:

    မန္တလေးသတင်းစာမှာညီမကြီးအမည်နဲ့တကွသတင်းဖော်ပြပါတယ်။ဂုဏ်ပြုပါတယ်။

  15. Ni Ni
    Ni Ni says:

    စာလေးဖတ်ရတာ အားဖြစ်စေပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘဲ သတိရနေတာ လိုင်းပေါ်မတွေ့တာကြာပြီ၊ နေမှကောင်းရဲ့လားလို့လေ၊ အခုနလန်ထဆိုတော့ ကျမထင်တာမှန်နေတာပေါ့၊ ကျန်းမာပါစေနော်။

  16. Ni Ni
    Ni Ni says:

    စာလေးဖတ်ရတာ အားဖြစ်စေပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘဲ သတိရနေတာ လိုင်းပေါ်မတွေ့တာကြာပြီ၊ နေမှကောင်းရဲ့လားလို့လေ၊ အခုနလန်ထဆိုတော့ ကျမထင်တာမှန်နေတာပေါ့၊ ကျန်းမာပါစေနော်။

  17. Thilashin Dawyusandar Mk
    Thilashin Dawyusandar Mk says:

    မိန်းမဆောင်ပြည်ထောင်နိုင်တဲ့သာဓကတွေရှိနေပါတယ် ။တကယ်တော့မိန်းမ တန်ဖိုးကိုလူတွေမသိတာလား သိရက်နဲ့တမင်မသိယောင်ဆောင်တာလား။လောကကြီးမှာမိန်းမတွေသာယာလှပနေတာကိုမသိကြတာနေမှာ။ကျေးဇူးပါ။sis.

  18. Thilashin Dawyusandar Mk
    Thilashin Dawyusandar Mk says:

    မိန်းမဆောင်ပြည်ထောင်နိုင်တဲ့သာဓကတွေရှိနေပါတယ် ။တကယ်တော့မိန်းမ တန်ဖိုးကိုလူတွေမသိတာလား သိရက်နဲ့တမင်မသိယောင်ဆောင်တာလား။လောကကြီးမှာမိန်းမတွေသာယာလှပနေတာကိုမသိကြတာနေမှာ။ကျေးဇူးပါ။sis.

  19. Khinmaungnyo Khinmaungnyo
    Khinmaungnyo Khinmaungnyo says:

    ကိုယ်​၏ကျန်းမာခြင်း စိတ်​၏ချမ်းသားခြင်းနဲ့.အတူ​ဘေးဘယာကင်း​ဝေးပြီး ထာဝရ​ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေမမ​လေး

  20. Khinmaungnyo Khinmaungnyo
    Khinmaungnyo Khinmaungnyo says:

    ကိုယ်​၏ကျန်းမာခြင်း စိတ်​၏ချမ်းသားခြင်းနဲ့.အတူ​ဘေးဘယာကင်း​ဝေးပြီး ထာဝရ​ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေမမ​လေး

  21. Ar Kar Ar Kar
    Ar Kar Ar Kar says:

    ညီမပျောက်နေလို့စိုးရိမ်နေတာနေမကောင်းဖြစ်နေတယ်မှတ်လို့ငါ့တိုညီမကိုလေးစားရဏ်ယူစံထားလျက်ပါ

  22. Ar Kar Ar Kar
    Ar Kar Ar Kar says:

    ညီမပျောက်နေလို့စိုးရိမ်နေတာနေမကောင်းဖြစ်နေတယ်မှတ်လို့ငါ့တိုညီမကိုလေးစားရဏ်ယူစံထားလျက်ပါ

  23. Aye Aye
    Aye Aye says:

    အရမ်းကိုကောင်းလှတဲ့စကားလေးပါ လေးစားပါတယ်မ သားလေးကအခုအသက်ဘယ်လောက်ရှိပီလဲဟင် သမီးလေးကအကြီးနော်

  24. Aye Aye
    Aye Aye says:

    အရမ်းကိုကောင်းလှတဲ့စကားလေးပါ လေးစားပါတယ်မ သားလေးကအခုအသက်ဘယ်လောက်ရှိပီလဲဟင် သမီးလေးကအကြီးနော်

  25. Nant Kay Thi
    Nant Kay Thi says:

    အားပေးချီးမြှင့်လိုက်ပါ့မယ်ညီမ
    မတွေ့ ရင်
    သတိတရ ရှိနေပါတယ်
    ကျန်းမာချမ်းသာလန်းဖြာပါစေ

  26. Nant Kay Thi
    Nant Kay Thi says:

    အားပေးချီးမြှင့်လိုက်ပါ့မယ်ညီမ
    မတွေ့ ရင်
    သတိတရ ရှိနေပါတယ်
    ကျန်းမာချမ်းသာလန်းဖြာပါစေ

  27. Myint Ko
    Myint Ko says:

    ညီမရေ မင်းရဲ့ Live ကို ဒူဘိုင်းကအပြန်ချီကာကိုလေဆိပ်ကနေစ ကြည့်မိပြီ မင်းရဲ့စိတ်ထားကိုလေးစားလု့် ဆက်တိုက်ကြည့်မိတယ် ဒီလိုပကာသနကင်းတဲ့ပရဟိတစိတ်ထားမျိုးထာဝရထားနိုင်ပါစေ မြန်မာနိင်ငံက ဓတ်ရှင်မင်းသမီးတွေနဲ့တော့ အများကြီးကွာပါ့ ကျေးဇူးကမ္ဘာပါ ဗ မ သား

  28. Myint Ko

  29. Aye Aye Nwe
    Aye Aye Nwe says:

    လူလဲကျက်​သ​ရေရှ်​တယ်​.စ်​တ်​ဓာတ်​လဲ​ကောင်ူတယ်​.ပြီးပြည့်​စုံတဲ့အလှပိုင်​ရှင်​​လေးပါ.

  30. Aye Aye Nwe
    Aye Aye Nwe says:

    လူလဲကျက်​သ​ရေရှ်​တယ်​.စ်​တ်​ဓာတ်​လဲ​ကောင်ူတယ်​.ပြီးပြည့်​စုံတဲ့အလှပိုင်​ရှင်​​လေးပါ.