•  
  •  
  •  
  •   
  •  

မြန်မာအသိုင်းအ၀ိုင်းမှာ ရာစုနှစ်အတွင်း တဖြည်းဖြည်နဲ့ ပွင့်လင်းရိုးသားလာတာကို တွေ့လာရပါတယ်။ ဒီလိုမျိုး ပွင့်လင်းလာတာ ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့အချက်လဲ အများကြီးရှိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ နောက်ပိုင်းကို ကြည့်မယ်ဆိုရင် မြန်မာပြည်တွင်း အနုပညာရှင်များတောင်မှ မိမိကိုယ်ရေးအကြောင်းကို ပရိတ်သတ်ကို ချမပြရဲလောက်အောင် ပွင့်လင်းမှုအားနည်းခဲ့ကြပါတယ်။ ဥပမာပေးရရင်ဖြင့် ၁၉၈၀ နဲ့ ၁၉၉၀ ပါတ်ဝန်းကျင် ခေတ်ကာလတုန်းက မင်းသား ၃ ဦး အပြိုင်အဆိုင် နာမည်ကြီးခဲ့ပါတယ်။ ၂ ဦးက လူပျိုဖြစ်ပြီး ၁ ဦးကတော့ မင်းသား မဖြစ်ခင်ကတည်းက အိမ်ထောင်ရှိခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှိပြီးသား မင်းသားက အနုပညာထဲဝင်တာနဲ့ လူပျိုဆိုပြီး ပရိတ်သတ်ကို လိမ်ညာပြီး စတင်ဝင်လာခဲ့ပါတယ်။ တစ်လ တစ်ခါထွက်တဲ့ မင်္ဂဇင်းအင်တာဗျူးမှာလဲ သူသည် လူပျိုဖြစ်ကြောင်း ထပ်တလဲလဲ ပြောပါတယ်။ ခေတ်ကာလပြောင်းလာပေမယ့် အဲ့ဒီမင်းသားက ပရိတ်သတ်ကို လိမ်ညာခဲ့တဲ့ကိစ္စကို အခုထိ ခြေလဲရောထိုင်လုပ်ပါတယ်။

အခုခေတ်မှာတော့ မြန်မာအနုပညာရှင်တွေရော၊ ပြည်သူပြည်သားတွေရော၊ ထိန်းမရလောက်ကို ပွင့်လင်းလွန်းလာကြပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချက်လဲပါပါတယ်။ ရည်းစားရှိရင်လဲ ရှိသလောက် လူရှေ့ချပြတယ်။ ကွဲကြပြီဆိုရင်လဲ ကိုယ်မှန်ကြောင်းကို လူရှေ့သူရှေ့ တစ်ဦးအကြောင်း တစ်ဦးကပြောကြပြီ။ လူငယ်တွေ ရည်းစားနဲ့ရှိတာ၊ လမ်းခွဲတာ၊ ပွင့်လင်းလွန်းလာတဲ့အချက်က၊ လူကြီးတွေ လင်မယားကွဲတဲ့သူတွေထက် အခြေအနေဆိုးပါတယ်။ ခေတ်ရေစီးကြောင်းလို့ ပြောရမလိုပါဘဲ။

သမီးရည်းစားဖြစ်ဖြစ်၊ လင်မယားဖြစ်ဖြစ်၊ လမ်းခွဲချိန်ရောက်လာပြီဆိုရင် တစ်ဦးအပေါ်တစ်ဦး သဘောထား မတိုက်ဆိုင်တော့လို့ဆိုတာ ရှည်ရှည်ဝေးဝေး ရှင်းပြစရာမလိုပါဘူး။ ထားခဲ့သူ နဲ့ အထားခဲ့ခံရသူ ၂ ဦးကြားမှာ၊ ထားခဲ့သူအနေဖြင့် ထားခဲ့ခံရသူကို လမ်းခွဲပြီးမှ မကောင်းကွက်တွေချည်း ဘာကြောင့် ထုတ်ဖေါ်ပြောရမှာလဲ။ ကိုယ်ချစ်ခဲ့၊ နှစ်သက်ခဲ့၊ ဖက်ခဲ့၊ နမ်းခဲ့တဲ့သူကို၊ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်လို့ဆိုပြီး၊ တစ်ဖက်သားရဲ့ အားနည်းချက်မျိုးစုံကို ရှာကြံပြီး၊ ကိုယ်မှန်ကြောင်း ဖြေရှင်းနေတာက ခါးသီးမှုဖြစ်အောင် ယုတ်မာစွာ ထပ်မံရက်စက်လိုက်တာဘဲ။ ဒါဟာ ပွင့်လင်းတာ မဟုတ်တော့ဘဲ၊ သဘောထား ပြည့်ဝသူမဟုတ်ကြောင်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ ရင့်ကျက်သူတိုင်းက ဘေးကနေ ရိပ်မိနိုင်ပါတယ်။

ထားခဲ့သူဖြစ်ဖြစ် အထားခဲ့ခံရသူဖြစ်ဖြစ်၊ သဘောထားပြည့်ဝတဲ့သူကတော့ ကိုယ်ဘယ်လောက်ခံစားရပါစေ၊ ကိုယ်တစ်ချိန်က ချစ်ခဲ့တဲ့သူရဲ့ ကောင်းကွက်တွေကို ပြောပြီး လမ်းခွဲရတဲ့အဓိကအကြောင်းရင်းက စိတ်သဘောထား မတိုက်ဆိုင်တော့လို့ပါ၊ ရှေ့ဆက်ဘ၀ခရီးအောင်မြင်ပါစေလို့ ဆန္ဒပြုပေးနိုင်တဲ့ သဘောထားမျိုးကို ပြသပေးနိုင်စွမ်းရှိတယ်။

လူတိုင်း ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပါဘူး။ မပြည့်စုံသည့်ကြားမှ တစ်ချိန်ချိန်မှာ လမ်းခွဲဖို့ အကျိုးအကြောင်းရှိလာခဲ့ရင် မိမိရဲ့ အားနည်းချက်ကို ဖာတည်းဖို့အတွက် တစ်ဖက်သားကို ထပ်မံ မနင်းချေမိပါစေနဲ့လို့ …

စေတနာဖြင့် ….

Levi Sap Nei Thang

  •  
    25
    Shares
  • 10
  • 10
  • 2
  • 2
  • 1
  •  
  •  
  •  
I-Love-Myanmar-Logo-Single-lineMyanmar Flag

24 thoughts on “Improving Openness and Honesty in Myanmar Society

  1. May Lay
    May Lay says:

    အမ တန်ဖိုးရှိတဲ့ သတိပေးစကားလေး မို့ သဘောကျမိလို့ ရှယ်ခွင့်ပြုပါ

  2. May Lay
    May Lay says:

    အမ တန်ဖိုးရှိတဲ့ သတိပေးစကားလေး မို့ သဘောကျမိလို့ ရှယ်ခွင့်ပြုပါ

  3. Pa Siang
    Pa Siang says:

    အမ ကျေးဇူး တင်တယ်..ပညာပေးတယ်..နောက်မှာလဲ အေးလိုမျိုးး များများရေးပေးပါ

  4. Pa Siang
    Pa Siang says:

    အမ ကျေးဇူး တင်တယ်..ပညာပေးတယ်..နောက်မှာလဲ အေးလိုမျိုးး များများရေးပေးပါ