•  
  •  
  •  
  •   
  •  

ကားထိုင်ခုံပါတ်ပါတ်ခြင်း၏အကျိုးကျေးဇူးများ

အမေရိကားနိုင်ငံ ပြည်နယ်အသီးသိးကို ကားမောင်းခရီးထွက်လာရင်း ကားပေါ်မှာ ထပ်မံပြောဖြစ်တဲ့အချက်ကို စာဖြင့် ရေးတင်ပေးလိုက်ပါတယ်။

ကျမအနေနဲ့ကတော့ ကားပေါ်ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် အရင်ဦးဆုံး ထိုင်ခုံခါးပါတ်ကို ပါတ်ပါတယ်။ အကျင့်ဖြစ်နေလို့နေပါပြီ။ မသိစိတ်ကလဲ အလိုလိုနိုးဆော်နေတာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကားနိုင်ငံ နှင်းကျတဲ့အချိန်မှာ ကျမတို့ကားက ရေခဲနင်းမိရာက ဘီးချောပြီး လမ်းဘေးကို ထိုးကျသွားဖူးပါတယ်။ ကားက ပြောင်းပြန်လှန်သွားပေမယ့် ကားထိုင်ခုံခါးပါတ်ပါတ်ထားတာကြောင့် ဘယ်သူမှ ထိခိုက်ဒါဏ်ရာမရခဲ့ကြပါဘူး။ ကားထိုင်ခုံပေါ်မှာဘဲ ပြောင်းပြန် ထိုင်လျက် မြေကြီးဖက် ဦးခေါင်းကျသော်လည်း ခါးပါတ်က ထိမ်းထားလို့ ကားအရှိန်သတ်ပြီး တည်ငြိမ်ပြီဆိုတာနဲ့ တဖြည်းဖြည်းချင်း ကားခါးပါတ်ကို ဖြေပြီး ကားနောက်ကျောမှန်ကို ကျမကိုယ်တိုင် ရိုက်ခွဲပြီး ကားထဲကနေထွက်၊ ကားဆရာဖက်က ကားတံခါးကို ဖွင့်ပေးပြီး သူ့ခါးပတ်ကို ဖြေပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ကျမ စာတစ်စောင်ရေးလိုက်တိုင်း ကျမရဲ့ အတွေ့အကြုံထဲက သင်ခန်းစာမှ မျှဝေတာ ဖြစ်ပါတယ်။

Seatbelt Levi Thang Driving

ကားထိုင်ခုံခါးပါတ်ပါတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်ထားတယ်ဆိုရင် ဘယ်သူမှရဲ့ တိုက်တွန်းအားပေးခြင်း မလိုအပ်တော့ဘဲ မိမိအသိစိတ်ဖြင့် ခါးပါတ်ပါတ်ကြမယ်ဆိုတာကို ယုံကြည်ပါတယ်။

ကားတိမ်းမှောက်လို့ အသက်အန္ဒာရယ်ကြုံလာသူတိုင်းကို စိစစ်ကြည့်လိုက်မယ်ဆိုရင် ခါးပါတ်မပါတ်ထားကြသူများ ဖြစ်ကြပါတယ်။

ခါးပါတ်ပါတ်ထားတယ်ဆိုရင် မတော်မဆ ကားတိမ်းမှောက်ခဲ့သည်ရှိခဲ့သော်လည်း ကောင်းကျိုးတစ်ချို့မှာ

  • မိမိနိုင်ငံဥပဒေကို လိုက်နာတတ်တဲ့ စိတ်ဓါတ်က တခြားဃန္ဒမှာ မိမိစိတ်ဓါတ်ကို လမ်းမှန်ရောက်အောင် ဦးတည်လိုသော ဆန္ဒရှိစေလာခြင်း။
  • မိမိခန္ဒာကိုယ်ကို ခါးပါတ်မှ ထိမ်းချုပ်ထားပြီး ကားအတွင်းဖြစ်စေ၊ ကားအပြင်ဖက်သို့ဖြစ်စေ၊ မလွှင့်ပါသွားခြင်း။
  • ယဉ်မောင်းသူဖြစ်ပါက မိမိဦးခေါင်းမှ စတျာရီန် နဲ့ ကားမှန်ကို ရုတ်တရက်မရိုက်မိအောင် ထိန်းသိမ်းပေးခြင်း။
  • ခရီးသည်အဖြစ် လိုက်ပါလာသူ အချင်းချင်း ကားအရှိန်ကြောင့် ယိမ်းယိုင်ခိုက်မိခြင်းမှ ကာကွယ်ပေးခြင်း။
  • ကားပြောင်းပြန်လှန်သွားခဲ့သည်ရှိသော် ကားထိုင်ခုံပေါ်တွင် ထိုင်လျက် ကားပြောင်းပြန်လှန်သည့်အတိုင်း မိမိထိုင်ခုံပေါ်တွင် ထိုင်လျက် မိမိဦးခေါင်းမှ ကားခေါင်မိုးဖြစ်စေ၊ ကားတံခါးမှန်ကိုဖြစ်စေ မထိအောင် ထိန်းသိမ်းပေးခြင်း။

တစ်ချို့က ကားထိုင်ခုံခါးပါတ်ကို မပါတ်ချင်ကြဘူး။ ရဲကို မြင်မှ ကမန်းကတန်းပါတ်လိုက်တာတို့ လုပ်တတ်ပါတယ်။ ကလေးသူငယ်ကို ကားထိုင်ခုံ ခါးပါတ်ပတ်ပေးရမှာကိုလဲ အလုပ်ရှုပ်တယ်လို့ ယူဆကြတယ်။

ကလေးသူငယ်ကို ကားခါးပါတ်ပါတ်ပေးတာ တစ်မိနစ်ဘဲကြာပါတယ်။ ဒါကို အလုပ်ရှုပ်တယ်လို့ ယူဆမိရင်၊ တစ်မိနစ်အတွင်း မတော်တဆကြုံတွေ့နိုင်တဲ့ ထိခိုက်မှုက တစ်ဘ၀စာဖြစ်နိုင်ပါတယ်။

ရဲဖမ်းမှာကြောက်လို့ ကားထိုင်ခုံပါတ်ပါတ်တယ်ဆိုရင်တောင်မှ ရဲအတွက် ခါးပါတ်ပါတ်တယ်လို့ ထင်မြင်တဲ့စိတ်က နဲနဲလွဲနေပါသေးတယ်။ မိမိအသက်အန္ဒရယ်ကို ကာကွယ်ဖို့အတွက်ဆိုတာ ပထမဆုံး နားလည်းထားစေချင်ပါတယ်။

မြန်မာနိုင်ငံမှာလဲ ကားထိုင်ခုံခါးပါတ်ပါတ်ခြင်းကို ဥပဒေတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီမို့ ဥပဒေစည်းကမ်းလိုက်နာပြီး မိမိနဲ့ မိမိချစ်သူတို့ရဲ့ အသက်အန္ဒာရယ်ကို ကားထိုင်ခုံခါးပါတ် ပါတ်ခြင်းဖြင့် ကာကွယ်ကြပါစို့လို့ စေတနာဖြင့် စာရေးလိုက်ပါတယ်နော် ….

လွတ်လပ်စွာရှယ်နိုင်ပါတယ်။ ခွင့်တောင်းစရာမလိုပါ။

မလေပြေ
လီဗီဆပ်နိုင်ထန်း

Levi Sap Nei Thang
I Love Myanmar

 

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
I-Love-Myanmar-Logo-Single-lineMyanmar Flag