•  
  •  
  •  
  •   
  •  
မတ်လ ၂၀ မှ ၂၃ ရက်ထိ ၄ ရက်ကြာ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မြို့ပြစီမ်းလန်းရေး၊ သစ်ပင်ပန်းမံများစိုက်ပျိုးရေး၊ အစည်းအဝေးသို့ နိုင်ငံတကာအစိုးရမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ တက်ရောက်ကြရာ I Love Myanmar မှ ကျမ ဒေါ်လီဗီဆပ်နိုင်ထန်းလည်း မြန်မာပြည်မှ တက်ရောက်ခဲ့ပါသည်။ Levi Thang in Melbourne
ထိုအစည်းအဝေးတွင် မဲလ်ဘုန်းမြို့ကောင်စီမှ မဲလ်ဘုန်းမြို့ကို စိမ်းလန်းအောင် ထိန်းသိမ်းလာနိုင်သည့်အကြောင်းများကို အဓိကဆွေးနွေးသွားသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် မဲလ်ဘုန်းမြို့ရှိ ပန်းခြံများ ပျိုးပင်ခြံများကို လေ့လာခွင့်ရခဲ့သည်။
အစိုးရမှစေလွှတ်သော ပိုလန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ တူရကီနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ကာတာနိုင်ငံ တို့မှ သူတို့နိုင်ငံ၏ မြို့သစ်စီမံကိန်းများ၊ လတာရှည် နိုင်ငံကိုမြှင့်တင်သည် ကုန်စည်ပြပွဲများ ကျင်းပရန် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးတင်ပြသွားပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ အနာဂါတ်တွင် တခြားနိုင်ငံများကဲ့သို့ မိမိနိုင်ငံကို မြှင့်တင်နိုင်သော ရည်ရှည်ကုန်စည်ပြပွဲကျင်းပနိုင်ရန် ယခုကတည်းက ကြိုတင်လေ့လာထားပြီး မြို့သစ်စီမံကိန်းများ ပေါ်ပေါက်လာပါကသော်၎င်း၊ ယခုလက်ရှိမြို့များတွင်၎င်း မြို့ပြစိမ်းလန်းရေးကို I Love Myanmar အနေဖြင့် ယခင်က ပါဝင်ခဲ့သလို ရှေ့ဆက်၍ စိတ်ဝင်စားစွာ ဆက်လက်ဆောက်သွားမည်ဖြစ်ပါကြောင်း …
ခင်မင်စွာဖြင့်
လီဗီဆပ်နိုင်ထန်း
Levi Sap Nei Thang
Melbourne, Australia
  •  
    60
    Shares
  • 50
  • 10
  •  
  •  
  •  
  •  
  •  
  •  
I-Love-Myanmar-Logo-Single-lineMyanmar Flag
171 thoughts on “Attending international conference in Melbourne Australia
  1. ဒီ ဒီး
    ဒီ ဒီး says:
    မြန်မာနိုင်ငံသူတယောက်အနေနဲ့ ကမ္ဘာအလယ်မှာ ဂုဏ်ယူပါတယ် မရေ အောင်မြင်မူတွေထာဝရပိုင်ဆိုင်ပါစေနော်
  2. Sein Sein
    Sein Sein says:
    မြန်မာ့ သမီး ကောင်းတယောက်ပေါ်ထွက်လာပြန်ပြီနိုင်ငံအတွက် မျှော်လင့်ချက်ကြီးတခုပါဘဲဝမ်းသာလိုက်တာကြိုဆိုပါတယ်
  3. Ar Kar Ar Kar
    Ar Kar Ar Kar says:
    မတွေ့ရတာကြာတော့ငါတို့ညီမနေမကောင်းဖြစ်နေတယ်မှတ်လို့တွေ့ရတော့အရမ်းဝမ်းသာ
    ငါတိုညီမကျန်းမာချမ်းသာအေးချမ်းပျော်ရွှင်ပါစေ
  4. Nay Htoo Myat
    Nay Htoo Myat says:
    အန်တီရေ ကျေးဇူးအများကြီး တင်ပါဒယ် မရောက့်ဘူးတဲ့နေရာဒွေ ကိုအမြဲ လိုက့်လွှင့်ပီး တင်နေလို့ အန်တီလဲကျန်းမာပါစေ ခင်ဗျာ
  5. Oo Kyaw Oo Kyaw
    Oo Kyaw Oo Kyaw says:
    မြန်မာနိုင်ငံစိမ်းလန်းစိုပြေတိုးတက်ထွန်းကားရေးအတွက်နိုင်ငံကိုယ်စားပြုအဖွဲ့အစည်းအတွက်ကိုယ်စားပြုပြီးကိုယ်ကျိုးမဖက်နိုင်ငံတိုးတက်ရေးအတွက်အချိန်ကုန်လူအပင်ပမ်းခံပြီးတက်ရောက်ဆွေးနွေးခဲ့တဲ့တကာမကြီးကိုဘုန်းကြီးအထူးဂုဏ်ယူချီးကျူးလိုက်ပါတယ်ကျန်းမာချမ်းသာပါစေဒေါ်လီဗီဆပ်နိုင်ထန်း
  6. Mee Lay
    Mee Lay says:
    ချစ်​စရာချင်းတိုင်းရင်းသူ​လေးမြန်​မာပြည်​ရဲ့ဂုဏ်​ကိုမြှင့်​တင်​သူ​လေး​ကျေးဇူးပါမ​ရောက်​ဘူး​သော​နေရာ​တွေကိုလွှင့်​​ပေးတာလဲ​ကျေးဇူးပါအချစ်​များစွာဖြင့်​အာဘွား
  7. Khin Yu Wai
    Khin Yu Wai says:
    သူများနဲ့မတူတဲ့ချစ်ဖို့ကောင်းတဲ့စိတ်ဓါတ်,အလှူအတန်းရက်ရောစိတ်ဓါတ်,မျိုးချစ်စိတ်ရှိတဲ့အမတစ်ယောက်မို့အပြင်မှာမမြင်ဘူးပေမဲ့လေးစား၍အမတစ်ယောက်ကဲ့သို့ချစ်မိပါသည်။
  8. Khin MyatMo
    Khin MyatMo says:
    အရမ်းလှတယ်
    မမြင်ဘူးတဲ့နေရာဒေသတွေကိုမြင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်နော်
  9. Hla Hla Myint
    Hla Hla Myint says:
    မြန်​မာနိုင်​ငံရဲ့သမီးပျို​လေး​အောင်​မြင်​မှုများစွာပိုင်​ဆိုင်​ပါ​စေလိုဆုမွန်​​တောင်းလျှက်​ပါ
  10. Kyaw Myat
    Kyaw Myat says:
    သူများနိုင်ငံတွေမှာသစ်ပင်ကိုတမြတ်တနိုး
    ထားနေချိန် ဒို့နိုင်ငံမှာတော့လောဘသားတွေနဲ့
    အကျ င့်ပျက်ဝန်ထမ်းတွေလက်ဝါးချင်းရိုက်ပြီး
    တရုပ်ကိုဆက်သလို့ကောင်းနေဆဲပဲ။
  11. May Khaing
    May Khaing says:
    ကျက်သရေရှိလိုက်တာ I Love Myanmer ဆိုတဲ့အတိုင်း မြန်မာနိုင်ငံ မြန်မာဝတ်စုံ မြန်မာ့ယဉ်ကျေးမှု ကိုချစ်တဲ့ ညီမလေး ထာဝရရွှင်လန်းချမ်းမြေ့ပါစေ
  12. Moe Moe Khaing
    Moe Moe Khaing says:
    အမရေ မရောက်ဘူးတဲ့နိုင်ငံတွေ အမ လွှင့်ပေးတော့ ရောက်သွားသလိုပါပဲ ကျေးဇူးအထူးပါနော် ပြီးတော့ အရမ်းပိန်သွားပီး အရမ်းလှလာတယ်နော်
  13. Daw Htoi
    Daw Htoi says:
    အန်တီကရှမ်းပြည်ကပါသမီးလေးကိုတွေ့လိုက်ကတယ်ကအရမ်းစိတ်ဝင်စားတယ်ကျေးဇူးတော်ခံစားရတဲ့သမီးဖြစ်တယ်ဆိုတာကိုသိတယ်ဘုရားသခင်ရဲ့ကျေးဇူးကိုဖေါ်အမြဲတမ်းခံစားရပါစေနော်
  14. Yenaing Yenaing
    Yenaing Yenaing says:
    Good အစ်​မ အရင်​လူ​တွေလက်​ထပ်​က မြန်​မာပြည်​ကိုကမ္ဘာ့အညံ့ဆုံးဖြစ်​​အောင်​လုပ်​သွားတာ အထူးသဖြင့်​အစ်​မတို့ချင်းပြည်​နယ်​ကို​ပေါ့ ပြည်​နယ်​အားလုံးထဲမှာ ချင်းပြည်​နယ်​အဆင်းရဲဆုံးပဲအစ်​မ ခုမ အ​မေစုလက်​ထပ်​​ရောက်​မှ ချင်းပြည်​နယ်​ နဲနဲတိုးတက်​လာတာ